Additional Resource

COVID-19 နောက်ဆုံးသတင်း (Burmese)

အသင်းတော်အသင်းသားများစုဝေးခြင်းကို ကမ္ဘာတစ်ဝန်းယာယီဆိုင်းငံ့ခြင်း

ဒေသန္တရခေါင်းဆောင်များသည် အသင်းသားများအတွက် ပွဲတော်ကို အနည်းဆုံးတစ်လတစ်ကြိမ် ရရှိနိုင်စေခြင်းငှာ မည်သို့ ဆောင်ရွက်မည်ကို ဆုံးဖြတ်လိမ့်မည်။

ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်၏ ပထမဥက္ကဌအဖွဲ့နှင့် တမန်တော်တစ်ဆယ်နှစ်ပါးအဖွဲ့သည် အောက်ပါ ၂၀၂၀ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့ စာကို ကမ္ဘာတစ်ဝန်း အသင်းတော်အသင်းသားများသို့ ပို့ခဲ့ပါသည်။

ချစ်သောညီအစ်ကိုမောင်နှမများခင်ဗျာ

ကျွန်တော်တို့၏ ၂၀၂၀ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့ စာ၌ ကတိပေးခဲ့သည့်အတိုင်း၊ ကျွန်တော်တို့သည် ကမ္ဘာတစ်ဝန်း စီအိုဗီအိုင်ဒီ-၁၉ နှင့်စပ်လျဉ်းသည့် ပြောင်းလဲနေသော အခြေအနေများကို ဆက်၍ စောင့်ကြည့်မှတ်သားကြပါသည်။ ကျွန်တော်တို့သည် ဤကိစ္စများ၌၊ အသင်းတော်ဒေသန္တရခေါင်းဆောင်များ၊ အစိုးရတာဝန်ရှိသူများနှင့် ဆေးဝါးကျွမ်းကျင်သူများ၏ အကြံဉာဏ်တို့ကိုထည့်သွင်းစဉ်းစားပြီး၊ ကိုယ်တော်ရှင်၏လမ်းညွှန်မှုကိုလည်း ရှာကြပါသည်။ ယခုတွင်၊ ကျွန်တော်တို့သည် အောက်ပါနောက်ဆုံးရလမ်းညွှန်ချက်များကို ပံ့ပိုးပေးပါသည်။

ချက်ချင်းစ၍၊ အသင်းတော်အသင်းသားတို့၏ လူထုစုဝေးခြင်းအားလုံးကို နောက်ထပ် အကြောင်းကြားချက် မရမချင်း ကမ္ဘာတစ်ဝန်းယာယီဆိုင်းငံ့ထားလိုက်ပါသည်။ ဤကိစ္စတွင် အောက်ပါတို့ပါဝင်ပါသည်၊

  • ပန္နက်ညီလာခံများ၊ ခေါင်းဆောင်မှုညီလာခံများနှင့် အခြားကြီးမားသောစုဝေးခြင်းများ
  • ပွဲတော်အစည်းအဝေးများအပါအဝင်၊ လူထုဝတ်ပြုကိုးကွယ်မှုအစီအစဉ်အားလုံး
  • အသင်းတော်ခွဲ၊ အသင်းတော်စုနှင့် ပန္နက်လှုပ်ရှားမှုများ

ဖြစ်နိုင်သောနေရာများတွင်၊ မရှိမဖြစ်လိုအပ်သောခေါင်းဆောင်မှုအစည်းအဝေးများကို ကျေးဇူးပြု၍ နည်းပညာသုံးပြီးဆောင်ရွက်ပါ။ အထူးမေးခွန်းများကို ဒေသန္တရယဇ်ပုရောဟိတ်ခေါင်းဆောင်များသို့ ရည်ညွှန်းနိုင်ပါသည်။ အခြားကိစ္စများနှင့် ဆက်စပ်သည့် နောက်ထပ်လမ်းညွှန်ချက်ကို ပံ့ပိုးပေးပါမည်။

သင်းအုပ်များသည် အသင်းသားများအတွက် ပွဲတော်ကို အနည်းဆုံးတစ်လတစ်ကြိမ်ရရှိနိုင်စေခြင်းငှာ မည်သို့ ဆောင်ရွက်မည်ကို ဆုံးဖြတ်ရန် မိမိတို့၏ပန္နက်ဥက္ကဌနှင့် တိုင်ပင်ရပါမည်။

ကျွန်တော်တို့သည် အသင်းသားများအား မိမိတို့၏အမှုတော်ဆောင်အားထုတ်မှုများ၌ တစ်ယောက်ကိုတစ်ယောက်ဂရုစိုက်ကြရန် တိုက်တွန်းပါသည်။ ကျွန်တော်တို့သည် အခြားသူများကို ကောင်းချီးပေးရန်နှင့် မြှင့်တင်ရန် ကယ်တင်ရှင်၏ ပုံသက်သေနောက်သို့ လိုက်ရပါမည်။

ကျွန်တော်တို့သည် ဤမသေချာသောကာလအတွင်း၌ ကိုယ်တော်ရှင်၏ချစ်ခြင်းအကြောင်းကို သက်သေခံကြပါသည်။ သင်တို့သည် အခြေအနေတိုင်း၌ ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်ကို ကျင့်သုံးရန် အကောင်းဆုံးလုပ်ဆောင်ကြသမျှ၊ ဝမ်းမြောက်မှုကို ရှာတွေ့ကြရန် သူသည် သင်တို့ကို ကောင်းချီးပေးတော်မူပါလိမ့်မည်။

ရိုးသားစွာဖြင့်

ပထမဥက္ကဌအဖွဲ့နှင့် တမန်တော်တစ်ဆယ်နှစ်ပါးအဖွဲ့

Style Guide Note:When reporting about The Church of Jesus Christ of Latter-day Saints, please use the complete name of the Church in the first reference. For more information on the use of the name of the Church, go to our online Style Guide.